Connect with us

WORLD

မော်လ်ဒိုက်နိုင်ငံတွင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုစတင်မည်

မော်လ်ဒိုက်နိုင်ငံ မြို့တော် မာလီကို ဝေဟင်မှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

မာလီ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မော်လ်ဒိုက်နိုင်ငံတွင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း၌ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း အရေးပေါ်ကျန်းမာရေးလုပ်ငန်းလည်ပတ်ရေးစင်တာ (HEOC) က ပြောကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

COVAX အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မော်လ်ဒိုက်နိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်း အတွက် ကာကွယ်ဆေး အခမဲ့ရရှိမည်ဖြစ်ကြောင်း၊ နောက်ထပ် ကျန်ရှိနေသော လူဦးရေများအတွက် ကာကွယ်ဆေးများရရှိနိုင်ရန် အခြားသောနိုင်ငံများနှင့် ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း HEOC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Nazla Rafeeq က ပြောခဲ့သည်။

“ကာကွယ်ဆေးတွေကို ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ထိုးနှံနိုင်ဖို့ ကျွန်မတို့မှန်းထားပါတယ်” ဟု Rafeeq က ပြောသည်။

Rafeeq ၏ အဆိုအရ COVAX ခွဲတမ်း၏ ၁၇ ရာခိုင်နှုန်းကို ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ ဆောင်ရွက်နေသော ဝန်ထမ်းများ၊ အသက် ၅၀ နှစ်အထက်ရှိသူများနှင့် အခြားသော ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် လူပုဂ္ဂိုလ်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လ်ဒိုက်နိုင်ငံ အစိုးရသည် လက်ရှိတွင် နိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားသောကျွန်းများနှင့် ဒေသများထံ ကာကွယ်ဆေးများ ပို့ဆောင်ရေး အပြီးသတ်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ မော်လ်ဒိုက်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၃,၃၀၈ ဦးရှိပြီး သေဆုံးသူ ၄၇ ဦးရှိကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
Maldives to begin COVID-19 vaccination in early 2021

MALE, Dec. 11 (Xinhua) — Maldives’ Health Emergency Operations Center (HEOC) has said that the country will begin a COVID-19 vaccination program in early 2021, local media reported here Friday.

HEOC Spokesperson Dr. Nazla Rafeeq said 20 percent of the country’s population will receive free vaccinations as part of the COVAX program. Discussions will be held with other countries to obtain vaccines for the remainder of the population.

“We can estimate that vaccines could be administered within the first quarter of 2021,” Rafeeq said.
According to Rafeeq, 17 percent of the COVAX allocation will be prioritized for vaccinating frontline workers, people over the age of 50, and other high-risk individuals.
The Maldives government is currently working to finalize logistics to transport the vaccine to remote islands and regions in the country.
The country currently has 13,308 confirmed cases of COVID-19 and 47 deaths. Enditem

Aerial photo taken on Sept. 1, 2019 shows the panoramic view of Male, capital of Maldives. (Photo by Wang Mingliang/Xinhua)