Connect with us

Social

တရုတ်နိုင်ငံ ဟူပေပြည်နယ်က မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင် က ဟူပေပြည်နယ် အစိုးရ ကိုယ်စား မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း ထံ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက် ၌ ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ခန်းမဆောင်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ မြန်မာနိုင်ငံအစိုးရသို့ ယခုအကြိမ် လှူဒါန်းပေးခဲ့သည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတွင် PPE ဝတ်စုံ အစုံရေ ၃ သောင်း ၊ Isolation Gown အစုံရေ ၃ သောင်း ၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း ၁၉၂,၀၀၀ စသည့် ထောက်ပံ့ရေးပစ္စည်းများပါဝင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ မှ ထောက်ပံ့ပေးသည့် ပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်က ဟူပေပြည်နယ်အစိုးရ ကိုယ်စား မြန်မာနိုင်ငံအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း က လှူဒါန်းပေးခဲ့သည့်ပစ္စည်းများအား လက်ခံပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံအမတ်ကြီးချန်းဟိုင် က လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံတို့က ကပ်ရောဂါအား အတူတကွ ပူးပေါင်းတိုက်ဖျက်ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ကူညီထောက်ပံ့ပေးခဲ့ကြပြီး “ဆွေမျိုးပေါက်ဖော်သံယောဇဉ်” ဟူသည့် ကောင်းမွန်သည့် စကားလုံးကို ရေးသားပုံဖော်ပြခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်တို့ အတည်ပြုခဲ့သော တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်အောင်ဖော်ပြပေးနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ဟူပေပြည်နယ် ၌ ကပ်ရောဂါအား တိုက်ဖျက်နေသည့် အရေးပါသည့် အချိန်ကာလတွင် မြန်မာနိုင်ငံ အစိုးရ က ဟူပေပြည်နယ်အတွက် ဆန်တန်ချိန် ၂၀၀ ကို အထူး လှူဒါန်းပေးခဲ့ပြီး ယင်းနက်ရှိုင်းသော မေတ္တာတရားကို တရုတ်နိုင်ငံအနေဖြင့် မည်သည့်အချိန်မှ မေ့ပျောက်မည်မဟုတ်ကြောင်း ၊ သြဂုတ်လလယ်ပိုင်းအချိန်တွင် မြန်မာနိုင်ငံ ၌ ကပ်ရောဂါ အခြေအနေ ပြန်လည်မြင့်တက်လာခဲ့သဖြင့် ဟူပေပြည်နယ်ရှိ ပြည်သူလူထုတို့က မြန်မာနိုင်ငံပြည်သူလူထုတို့နှင့်အတူတကွ ထပ်တူခံစားခဲ့ရပါကြောင်း ၊ ဟူပေပြည်နယ်အစိုးရအနေဖြင့် ငွေကြေးစုဆောင်းခြင်း ၊ ထောက်ပံ့ရေးပစ္စည်းများဝယ်ယူခြင်း တို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ နှင့် မြန်မာနိုင်ငံ ပြည်သူလူထု ကပ်ရောဂါ တိုက်ဖျက်နိုင်ရန်အတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ ယခုအကြိမ်လှူဒါန်းမှုက တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ အေးအတူပူအမျှ အပြန်အလှန် ကူညီထောက်ပံ့ပေးကြသည့် နက်ရှိုင်းသော သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူတကွ ဆက်လက်၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုပြီး မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားလိုကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုကွန်ဖရန့်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် အခက်အခဲနှင့်ကြုံတွေ့ချိန်တွင် မေတ္တာစစ်မေတ္တာမှန်ကို သိရှိနိုင်ကြောင်း ၊ ကာလတစ်လျှောက် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်လိုကြောင်း ၊ တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းပေးသည့်ပစ္စည်းများအတွက်လည်း ကျေးဇူးတင်လိုပြီး ယခုလှူဒါန်းပေးခဲ့သည့် ထောက်ပံ့ရေးပစ္စည်းများက ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀၄,၀၀၀ ဦးကျော်ရှိခဲ့ပြီး ရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၃,၀၀၀ ကျော်အထိ ရှိကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
中国湖北省向缅甸政府捐赠防疫物资

新华社仰光12月11日电中国湖北省政府向缅甸政府捐赠防疫物资交接仪式11日在仰光的缅甸卫生和体育部医学研究司办公大楼举行。

此次捐赠的防疫物资包括3万件防护服、3万件隔离衣、19.2万个医用口罩等。中国驻缅大使陈海代表湖北省政府向缅方转交了物资,医学研究司司长佐丹吞代表缅方接收物资。

陈海在交接仪式上表示,新冠肺炎疫情发生以来,中缅双方合力抗击疫情,相互支持帮助,续写了“胞波情谊”佳话,诠释了两国领导人确立的中缅命运共同体精神。陈海说,在湖北抗击疫情关键阶段,缅甸政府专门向湖北捐赠200吨大米。对于这份深情厚谊,我们不会忘记。8月中旬以来,缅甸疫情出现反弹,牵动着湖北人民的心。湖北省政府积极筹措资金,采购物资,支持缅甸政府和人民抗击疫情,这体现了中缅同舟共济、守望相助的深情厚谊。我们愿同缅方继续统筹疫情防控和务实合作,为缅甸战胜疫情、实现社会经济发展发挥应有的作用。

缅甸卫生和体育部副部长妙蕾森(Mya Lay Sein)通过视频连线方式发表讲话,“患难见真情”,感谢中方一直以来为缅甸抗击新冠疫情提供帮助,也感谢湖北省政府捐赠防疫物资,这些物资对于缅甸抗疫一线的医务人员来说非常重要。
截至目前,缅甸累计新冠确诊病例10.4万多例,疫情最严重的仰光省累计确诊7.3万多例。(完)