ဟူနန်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အေးခဲနေသည့်အပူချိန်နှင့် ဆီးနှင်းများက တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ထျန်းမန်ဆန်းတောင်တန်း အမျိုးသား သစ်တောဥယျာဉ်ကြီးကို ဆောင်းရာသီ၏ “ရင်သပ်ရှုမောစရာ အံဖွယ်မြင်ကွင်း” အဖြစ် ဖန်ဆင်းပေးလိုက်သလိုပင် ဖြစ်သည်။ ယူနက်စကိုအမွေအနှစ်စာရင်းဝင် ၎င်းနေရာသည် နာမည်ကျော် “Avatar”ရုပ်ရှင်ဇတ်ကားကြီး ရိုက်ကူးခဲ့သည့်နေရာဖြစ်ပါသည်။(Xinhua)
ကိုင်ရို၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့် စက်ရုပ်တစ်ရုပ်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဂါဘီယာ ပြည်နယ် တန်တာမြို့ ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံထဲ ဝင်လာသည့်မြင်ကွင်းမှာ မြင်နေကျ ပုံစံတော့မဟုတ်ပေ၊ Cira 03 ဟု အမည်ရသည့် ယင်း စက်ရုပ်အား အီဂျစ်လူမျိုး စက်မှု...
ကုလသမဂ္ဂ၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ်၊ ရုပ်သံတည်းဖြတ်/စုဝင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၎င်းအတွက် ကာကွယ်ဆေးရရှိလာမည့်ချိန်တွင် အများပြည်သူရှေ့မှောက်၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ခံယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကာကွယ်ဆေးနှင့်ပတ်သက်၍ အများပြည်သူအကြား ဘေးကင်းလုံခြုံမှုရှိသည်ကို ပြသရန် နှင့် ၎င်းကိုယ်တိုင် ကာကွယ်ဆေးထိုးနှံမှုခံယူရန်အစီအစဉ် ရှိ/မရှိ မေးခွန်းအား...
ရှင်းကျန်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tarim ချိုင့်ဝန်း သဘာဝဓါတ်ငွေ့လုပ်ကွက် မှ နေ့စဉ်သဘာဝ ဓါတ်ငွေ့တန်ချိန် ကုဗ မီတာပေါင်း သန်း ၉၀ ကျော် စံချိန်တင်ထွက်ရှိကြောင်း သိရသည်။ Tarim ရေနံ နှင့်...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၃၂၁ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။