Connect with us

Videos

COVID-19 ရှိမရှိ စစ်ဆေးပေးနိုင်သည့် စက်ရုပ်ကို အီဂျစ်တီထွင်သူတစ်ဦးဖန်တီးထုတ်လုပ်

ကိုင်ရို၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

စက်ရုပ်တစ်ရုပ်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဂါဘီယာ ပြည်နယ် တန်တာမြို့ ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံထဲ ဝင်လာသည့်မြင်ကွင်းမှာ  မြင်နေကျ ပုံစံတော့မဟုတ်ပေ၊

Cira 03 ဟု အမည်ရသည့် ယင်း စက်ရုပ်အား အီဂျစ်လူမျိုး စက်မှု အင်ဂျင်နီယာ မာမွတ် အယ်လ် ကိုမီ က မျက်နှာမှတ်ဉာဏ်စနစ်ဖြင့် စွယ်စုံသုံး စက်ရုပ်လက်တံ အသစ်တစ်ခု ကို အဆင့်မြှင့်ကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။

ထိုစက်ရုပ်သည် COVID-19 ရောဂါ ရှိမရှိ စစ်ဆေးပေးသည့် echocardiograms နှင့် X-rays ရိုက်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အယ်လ် ကိုမီ က ဆိုသည်။

တီထွင်သူ အယ်လ်ကိုမီက” Cira 03 စက်ရုပ်ဟာ AI နည်းပညာနဲ့ သတ်မှတ်အကွာအဝေးကိုရောက်လာတဲ့ လူတွေကို မျက်နှာမှတ်စနစ်နဲ့ မှတ်သားရေတွက်နိုင်တဲ့အပြင် နေရာအနေအထားအပေါ်မူတည်ပြီး သင့်တော်တဲ့ social distancing ရှိမရှိ ကိုလည်း တွက်ချက်ပေးပါတယ်။” ဟု ဆိုသည်။

အယ်လ်ကိုမီက Cira စက်ရုပ် ၃ ရုပ်ကို တီထွင်ခဲ့ပြီး ၄ရုပ်မြောက် စက်ရုပ်ကိုလည်း ထုတ်လုပ်ရန် ပြင်ဆင်နေသည့်အပြင် ဈေးကွက် ဝင်သည်အထိထုတ်လုပ်နိုင်ရန်မျှော်လင့်ထားသည်။

အယ်လ်ကိုမီ ၏ တီထွင်မှုကြောင့် ဆေးရုံရှိ ဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသခံယူနေသူတို့အကြား ရောဂါ ကူးစက်မှု နှုန်းကျဆင်းရန်အထောက်အကူပြု သဖြင့် ဆေးရုံဘက်မှလည်း ထိုစက်ရုပ်များအားလိုလားလျက်ရှိသည်။

ဆေးရုံအုပ် ဒါလီယာ ရက်စ္စလမ်က “COVID-19 ရောဂါ ဖြစ်ပွားမှု အရမ်းများတုန်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေလည်း ဝန်ပိနေတဲ့အချိန်မှာ စက်ရုပ်ရဲ့ ဗားရှင်းအဟောင်းနဲ့တင် COVID-19 စစ်ဆေးမှုကိုကောင်းစွာလုပ်ဆောင်နိုင်ခဲ့ပါတယ်၊ အခု ဗားရှင်းအသစ်ကလည်း အဝေးထိန်းစနစ်နဲ့အပူချိန်တိုင်းတာ၊ echocardiogramနဲ့ ultrasound ရိုက်တာတွေလုပ်နိုင်ပါတယ်။ ဒါဟာအချိန်တိုအတွင်း တီထွင်ဆန်းသစ်မှုတစ်ခုလည်းဖြစ်ပါတယ်” ဟုဆိုသည်။

အယ်လ်ကိုမီ သည် Roboto Academy ဟုအမည်ရသည့် သင်တန်းစင်တာတစ်ခုကို တည်ထောင်ထားပြီး ယင်းစင်တာ၌ တက်ရောက်ပညာသင်ကြားနေသော ကလေးများအား စက်ရုပ်နည်းပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.