ဒီဇင်ဘာ၊ ၇ ရက်(ဆင်ဟွာ)ရေးသားသူ/စိုးသန်းလင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့သည် ၎င်းတို့ နေအိမ်များတွင် quarantine အသီးသီး ဝင်လျက် ရှိကြောင်း ကျန်းမာရေးနှင့်အကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက မီဒီယာသို့ ယနေ့အတည်ပြုပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင် နေရာနှစ်ခုအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောကြားသည်။
ဂျကာတာ၊ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် COVID-19 ရောဂါ ကာကွယ်ဆေးများသည် ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်း နှင့် ယင်းကာကွယ်ဆေးများဖြန့်ဖြူးရာတွင် မပျက်စီးအောင် ၊ ဘေးကင်းလုံခြုံအောင် သိမ်းဆည်းထားနိုင်ရန်အတွက် အအေးခန်းပါ မော်တော်ယာဉ်များကို ကောင်းစွာပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Terawan Agus Putranto က ယနေ့...
ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်ထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၁,၄၄၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံ စုစုပေါင်း...
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ထပ်မံ ရှိလာခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။