Connect with us

WORLD

(ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ သတင်းအကျဉ်း) အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ရှိခဲ့ ၊ တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိ

အမေရိကန်နိုင်ငံ နယူးယောက်တွင် လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ထပ်မံ ရှိလာခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

 

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၆ ရက် ၁၄ နာရီ ၄၈ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၆၀၅,၂၁၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၀,၂၆၄ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၆၅,၈၇၀,၀၃၀ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၅၂၃,၅၈၃ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၇ ရက် ၇ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၆,၉၅၁,၂၈၃ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၅၃၄,၆၉၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၄,၇၄၇,၁၀၂ ဦး နှင့် သေဆုံးသူ ၂၈၂,၁၉၈ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၂၁၄,၀၀၀ ကျော် ရှိပြီး ထပ်တိုးသေဆုံးလူနာ ၂,၄၀၀ ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)၏ ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ ကျေးဇူးတော်နေ့ အပြီးတွင် အမေရိကန်နိုင်ငံ နေရာ အများအပြား၏ ကပ်ရောဂါ ကိန်းဂဏန်းများသည် စံချိန်သစ်တင် မြင့်တက်လာခဲ့ရာ ကျန်းမာရေးစနစ်သည် ကြီးမားသည့် ဝန်ဖိအားများ ရှိနေကြောင်း သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ် အချို့ဒေသများတွင် ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်မှစ၍ Stay at Home အမိန့်ထုတ်ပြန်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ယင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ တစ်ကျော့ပြန်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒီဇင်ဘာ ၈ ရက် ၀၀:၀၀ နာရီမှစ၍ တစ်နိုင်ငံလုံး Social Distance ကပ်ရောဂါကာကွယ်ရေးအဆင့်ကို တိုးမြှင့်သွားမည်ဖြစ်ပြီး ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို တစ်ဆင့်တိုး တင်းကြပ်စွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

ကပ်ရောဂါကာကွယ်ရေးအဆင့်တိုးမြင့်ဆောင်ရွက်မှုများတွင် မြို့တော်အနီးတစ်ဝိုက်ဒေသများရှိ KTVခန်းများ ၊ မိုးလုံလေလုံအားကစားလှုပ်ရှားမှုနေရာများ အားလုံးကို ခေတ္တ ပိတ်သိမ်းရပ်နားခြင်း၊ စတုရန်းမီတာ ၃၀၀ နှင့်အထက်ရှိသော စူပါမားကတ်၊ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ အင်တာနက်ဆိုင် ၊ ဆံပင်ညှပ်ဆိုင် စသည်တို့ကို ၂၁ နာရီ နောက်ပိုင်းတွင် ဖွင့်လှစ်ခွင့်မပြုခြင်း ၊ လူ ၅၀နှင့်အထက် လူစုလူဝေးလုပ်ခြင်းကို တားမြစ်ခြင်း စသည်တို့ ပါဝင်သည်။ မြို့တော် အနီးတစ်ဝိုက် မဟုတ်သော ဒေသများတွင် အရက်ဘားနှင့် ကူးစက်မှုအန္တရာယ်မြင့်မားသော နေရာများကို ခေတ္တ ပိတ်သိမ်းရပ်နားခြင်း၊ ကော်ဖီဆိုင်များကို တစ်နေကုန် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း၊ လူ ၁၀၀ နှင့်အထက်ရှိသော လူစုလူဝေးလှုပ်ရှားမှုများကို တားမြစ်ထားခြင်း တို့ ပါဝင်သည်။

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၏ ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည့် ကိုဗစ်ကပ်ရောဂါ ကိန်းဂဏန်းအချက်အလက်များအရ အီရန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ စသည့် နိုင်ငံများ၏ အခြေအနေသည် လျော့နည်းလာသည့် လက္ခဏာတွင် ရှိကြောင်း သိရသည်။ ဥပမာ- ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်ချက်အရ အသစ်ထပ်တိုးအတည်ပြုလူနာ ၁၉၀ ဦးရှိရာ ၎င်းမှာ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ဧပြီလမှစ၍ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက်အနည်းဆုံးဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံတွင် ခရစ္စမတ်ပွဲတော်ကာလအတွင်း ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို အထိုက်အလျောက်ဖြေလျှော့ပေးမည်ဟု ပေါ်တူဂီ ဝန်ကြီးချုပ် António Costa က ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့သည်။
ခရစ္စမတ်ကာလတွင် မြို့နေပြည်သူများ ဆုံစည်းရန်နှင့်ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများထံသို့ သွားရောက် လည်ပတ်ရန် ခွင့်ပြုပေးမည်ဖြစ်ပြီး ညမထွက်ရအချိန်ကိုလည်း လျှော့ပေးမည်ဖြစ်ကြောင်း ၊ သို့သော် ထိုဆောင်ရွက်မှုများက နှစ်သစ်ကူးပိတ်ရက်ကာလတွင် အကျုံးဝင်မည် မဟုတ်ကြောင်း António Costa က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(Xinhua)  

#ကန် #အမေရိကန် #covid #ပေါ်တူဂီ #COVID-19 #ကမ္ဘာ့ကျန်းမာရေးအဖွဲ့ #WHO #US

 

……………………………..
(Chinese Version)

(国际疫情)全球疫情简报:美国日增确诊病例再超20万 韩国上调全国防疫级别

新华社北京12月7日电6日全球疫情简报:美国日增确诊病例再超20万 韩国上调全国防疫级别

(小标题)全球数据

世界卫生组织:截至欧洲中部时间6日14时48分(北京时间21时48分),全球新冠确诊病例较前一日增加605211例,达到65870030例;死亡病例较前一日增加10264例,达到1523583例。

美国约翰斯·霍普金斯大学:截至北京时间7日7时27分,全球新冠确诊病例达66951283例,死亡病例为1534692例。美国是全球疫情最严重的国家,确诊病例达14747102例,死亡病例为282198例。

(小标题)新闻事件

美国疾病控制和预防中心5日公布的最新数据显示,4日全美报告新增新冠确诊病例超过21.4万例,新增死亡病例超过2400例。感恩节后,美国多项疫情指标刷新纪录,多地医疗系统承受重压。加利福尼亚州公共卫生部门5日宣布,该州定于当地时间6日23时59分开始在部分地区实施“居家令”。

为应对新冠疫情反弹,韩国政府6日宣布从8日零时起上调全国保持社交距离防疫级别,进一步收紧防疫措施。

上调防疫级别后的具体措施包括:首都圈地区所有KTV、室内体育设施暂停运营,占地面积300平方米以上的大型超市、商场、电影院、网吧、理发店等21时后禁止营业,禁止50人以上的聚会和活动等;非首都圈地区酒吧等高风险场所暂停运营,咖啡店全天禁止堂食,禁止100人以上的聚会和活动等。

中东地区国家5日公布的新冠疫情数据显示,伊朗、巴勒斯坦、沙特阿拉伯等国疫情出现缓和迹象。例如,沙特卫生部5日报告新增确诊病例190例,为该国自4月以来单日新增最低值。

葡萄牙总理科斯塔5日宣布,圣诞节期间新冠疫情防控措施将适度放宽。科斯塔在当天举行的新闻发布会上说,圣诞节期间允许市民家庭聚会和走亲访友,并缩短宵禁时间,但上述措施不适用于新年假期。(完)

(1-2)12月3日,在美国纽约,工作人员运送一名患者。

(3) 12月3日,在美国纽约,人们排队等待新冠检测。