ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကျပ် ၅ ဒသမ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့...
ဖူကျန့်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် /စုဝင့် တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်သည့် ပထမဆုံး ဟွာလုံဝမ်း နည်းပညာသုံး နျူကလီးယားဓါတ်ပေါင်းဖို ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်တွင် လျှပ်စစ်ဓါတ်အားလိုင်းဖြင့်ချိတ်ဆက်၍ ဓါတ်အားဖြန့်ဖြူးမှု စတင်ပြုလုပ်ပေးခဲ့သည်။ အမှတ် ၅ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးစက်ရုံသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူချင်းမြို့တွင်တည်ရှိသည်။...
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ နှင့် မသန်မစွမ်းသူများ အိုလံပစ်ပွဲ အကြို နိုင်ငံတကာ ခြေစမ်းပွဲစဉ်များကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သင့်လျော်သည့် စမ်းသပ်မှုအစီအစဉ်များဖြင့် အစားထိုး ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ခရီးသွားကဏ္ဍသည် လာမည့်လများအထိ ကန့်သတ်ချက်များ...
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ကပ်ရောဂါကို အလေးထားကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း ထောက်ခံချက် အတုအပ ပြုလုပ်၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။
ပါရီ ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က တေးသံသွင်းပိုင်ရှင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် ဗီဒီယိုရုပ်သံဖိုင်နှင့်ပတ်သက်၍ နိုင်ငံအတွက် “ လုံးဝလက်ခံနိုင်စရာမရှိ ၊ ရှက်ရွံ့ဖွယ်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။