Connect with us

Europe

ရဲတပ်ဖွဲ့က လူမည်းအမျိုးသားအား ရိုက်နှက်နေသည့် ရုပ်သံဖိုင်နှင့်ပတ်သက်၍ “လက်ခံနိုင်စရာမရှိ” ၊ “ ရှက်ဖွယ်ဖြစ်” ဟု ပြင်သစ်သမ္မတပြောကြား

ပြင်သစ်နိုင်ငံ သမ္မတမက်ခရွန်က ရုပ်သံမှတစ်ဆင့်မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပါရီ ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က တေးသံသွင်းပိုင်ရှင် လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်နေသည့် ဗီဒီယိုရုပ်သံဖိုင်နှင့်ပတ်သက်၍ နိုင်ငံအတွက် “ လုံးဝလက်ခံနိုင်စရာမရှိ ၊ ရှက်ရွံ့ဖွယ်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

“ Michel Zecler အပေါ် ရန်လိုပြုမူနေတဲ့ ပုံရိပ်အားလုံးဟာ လုံးဝလက်ခံနိုင်စရာမရှိပါဘူး ၊ ကျွန်တော်တို့အားလုံးအတွက် သူတို့လုပ်ရပ်ဟာ ရှက်စရာကောင်းပါတယ် ၊ ဘယ်ကလာတဲ့လူတွေဖြစ်ပါစေ ကိစ္စမရှိပါဘူး ၊ ပြင်သစ်နိုင်ငံဟာ အကြမ်းဖက်မှု ဒါမှမဟုတ် လူမဆန်စွာပြုမူမှုတွေကိုတော့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ပါဘူး ၊ ပြင်သစ်နိုင်ငံဟာ အမုန်းတရားဖြန့်ဖြူးမှု နဲ့ လူမျိုးရေးခွဲခြားမှုတွေကိုလည်း ဘယ်တော့မှ ခွင့်ပြုလိမ့်မှာမဟုတ်ပါဘူး” ဟု ပြင်သစ်သမ္မတ မက်ခရွန်က ယင်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုရုပ်သံဖိုင်ထဲတွင် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည့် ရိုက်နှက်မှုကျူးလွန်ခဲ့သော ရဲတပ်ဖွဲ့ဝင် သုံးဦးအား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း နှင့် ၎င်းတို့အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း ပါရီမြို့အစိုးရရှေ့နေရုံး၏ ပြောကြားချက်အရ သိရသည်။

သမ္မတမက်ခရွန်၏ ကြေညာချက်ထဲတွင် ပြင်သစ်နိုင်ငံအစိုးရအနေဖြင့် ရဲတပ်ဖွဲ့အပေါ် အများပြည်သူယုံကြည်မှုရရှိအောင် ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

Zecler က သတင်းထောက်များအား ရှင်းလင်းပြောကြားရာ၌ ၎င်းသည် နိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ရေး အစီအမံဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိဘဲ နိုဝင်ဘာ ၂၆ ရက်က နှာခေါင်းစည်းအကာအကွယ်မဲ့ဖြစ် ရပ်ကွက်ထဲ လမ်းလျှောက်သွားလာခဲ့မိကြောင်း ၊ ရဲတပ်ဖွဲ့ကားတစ်စီး ၎င်းအနား ဆိုက်ရောက်လာချိန်တွင် ရှောင်ရှားနိုင်ရန်အတွက် ၎င်း၏ အသံသွင်းစတူဒီယိုအခန်း ထဲသို့ပြေးဝင် ပုန်းခိုခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့က ၎င်းပုန်းခိုနေသောအခန်းထဲသို့ လိုက်ဝင်လာပြီး ထိုသို့ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆို ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.