Connect with us

Videos

ကပ်ရောဂါဖြစ်ပွါးနေစဉ်အတွင်း ၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲအတွက် လိုက်လျောညီထွေးရှိစေမည့် စမ်းသပ်မှု အစီအစဉ်များ ကြိုတင်ဆောင်ရွက်နေ

ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ နှင့် မသန်မစွမ်းသူများ အိုလံပစ်ပွဲ အကြို နိုင်ငံတကာ ခြေစမ်းပွဲစဉ်များကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သင့်လျော်သည့် စမ်းသပ်မှုအစီအစဉ်များဖြင့် အစားထိုး ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ခရီးသွားကဏ္ဍသည် လာမည့်လများအထိ ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်ရာ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ ကျင်းပရေးကော်မတီအနေဖြင့် မူလက စီစဉ်ထားသော လာမည့်နှစ် ပထမရာသီတွင် ကျင်းပရန်ရှိသည့် အားကစား ခြေစမ်းပွဲစဉ်များကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့ ၄ ခုမှာ ၂၀၂၂ ပေကျင်းအိုလံပစ် ဖြစ်မြောက်ရေးကော်မတီ(BOCOG)၊ ဆောင်းရာသီ အိုလံပစ် အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ (IOC)နှင့် အပြည်ပြည်ဆိုင်ရာ မသန်မစွမ်းသူများ အိုလံပစ်ပြိုင်ပွဲ ကော်မတီ (IPC) တို့ဖြစ်ကြကြောင်း သိရသည်။

အားကစားပြိုင်ပွဲကျင်းပရေးကွင်းများ နှင့် တည်းခိုနေထိုင်ရေးဝန်ဆောင်မှုများသည် မူလက စီစဉ်ထားသည့်အတိုင်း ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း နိုင်ငံတကာ ပြိုင်ပွဲပုံစံတစ်ခုအတိုင်း ကျင်းပရန်မှာမူ မသေချာမရေရာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117