ဝါရှင်တန် ၊ အောက်တိုဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်က ကုလသမဂ္ဂဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး နစ်ကီဟဲလီ(Nikki Haley) ၏ နုတ်ထွက်စာကို အောက်တိုဘာ ၉ ရက်တွင် လက်ခံခဲ့ကြောင်း သိရသည်။
ဟူစတန် ၊ အောက်တိုဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အော့ကလာဟိုးမား(Oklahoma) ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၇၇ ခု၌ အောက်တိုဘာ ၅ ရက်မှ စတင်ကာ ရေကြီးမှုများ၊ မုန်တိုင်းများ ၊အားကောင်းသော လေဆင်နှာမောင်းများ နှင့် လေပြင်းတိုက်ခတ်မှုများ အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိရာ ပြည်နယ်အုပ်ချုပ်ရေးမှူး Mary Fallin က...
ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ် ၁၅ ဦးအား ဒုတိယအသုတ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံကြီးတွင် အခမဲ့စရိတ်ငြိမ်း ကုသပေးမည် ဖြစ်ကြောင်းသိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ Chhattisgarh ပြည်နယ်ရှိ သံမဏိစက်ရုံတွင် အောက်တိုဘာလ ၉ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိ မြို့နယ်(၃၃)မြို့နယ်အနက် မြို့နယ်အများ စုတွင် မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုတွေကို အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။