Connect with us

Politics, Law & Military

ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု က လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများ အတူတကွ စည်ပင်ဝပြောရေးအတွက် အရေးပါသည့် ဆောင်ရွက်မှု ပြုလုပ်ပေးကြောင်း တာဂျစ်ကစ္စတန် နိုင်ငံပညာရှင်ပြောကြား

တရုတ်-တာဂျစ်ကစ္စတန် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု - အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ဗီဒီယို ကွန်ဖရန့် အား နိုဝင်ဘာ ၁၉ ရက်၌ ကျင်းပပြုလုပ်ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

“ရပ်ဝန်း နှင့် ပိုးလမ်းမ” ဖော်ဆောင်မှု သည် လမ်းကြောင်းတစ်လျှောက်နိုင်ငံများရှိ ပြည်သူလူထုများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အတူတကွ စည်ပင်ဝပြောရေးအတွက် အရေးပါသည့် ဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ကြောင်း တာဂျစ်ကစ္စတန် နိုင်ငံ သိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ Saidov က နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ လူမှုရေးသိပ္ပံအကယ်ဒမီ နှင့် တာဂျစ်ကစ္စတန်နိုင်ငံ သိပ္ပံအကယ်ဒမီတို့ အတူတကွ ကျင်းပပြုလုပ်သည့် တရုတ်-တာဂျစ်ကစ္စတန် “ရပ်ဝန်း နှင့် ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှု – အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ဗီဒီယို ကွန်ဖရန့် အား နိုဝင်ဘာ ၁၉ ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး တာဂျစ်ကစ္စတန် နိုင်ငံ သိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ Saidov က နှစ်နိုင်ငံ ပညာရှင်များအနေဖြင့် COVID-19 ကပ်ရောဂါ ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှု ၊ တရုတ်-တာဂျစ်ကစ္စတန် ပို့ဆောင်သွားလာရေး နှင့် ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေမှု ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ၊ စက်မှုဇုန်တည်ဆောက်မှု စသည့်ကဏ္ဍများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးတိုင်ပင် ခဲ့ကြောင်း ဗီဒီယို ကွန့်ဖရန့်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံလူမှုရေးသိပ္ပံ အကယ်ဒမီဒုတိယဥက္ကဋ္ဌ ကောင်းရှန် က အစည်အဝေးတွင် တရုတ်နိုင်ငံ နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေးပူးပေါင်းဆောင်ရွက်မှုတွင် လက်မှတ်ပါဝင်ရေးထိုးခဲ့သည့် ပထမဆုံး အသုတ် နိုင်ငံများတွင် တာဂျစ်ကစ္စတန်နိုင်ငံ ပါဝင်ကြောင်း ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုအား အတူတကွ လက်တွဲရင်ဆိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် အခက်အခဲအား အခွင့်အလမ်းအဖြစ် သို့ ပြောင်းလဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အစိမ်းရောင်လမ်းကြောင်း တည်ဆောက်မှုလုပ်ငန်း ကို ပိုမိုတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံကို တည်ဆောက်ခဲ့ပြီး ဆေးဝါးနှင့် ကျန်းမာရေး ၊ ဒီဂျစ်တယ်စီးပွားရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၊ အတူတကွ အခွင့်အလမ်းသစ်များကို ဖော်ထုတ်ခဲ့ပြီး အားအင်သစ်များကို ဖြစ်ပေါ်နိုင်စေခဲ့ကာ စီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ လူမှုရေးသိပ္ပံအကယ်ဒမီ ရုရှား-အရှေ့ဥရောပ-အရှေ့အာရှ သုတေသန အင်စတီကျု ဒါရိုက်တာ ကျန်းကျွမ့်ကျစ် က အရှေ့အာရှဒေသ သည် ရပ်ဝန်း နှင့် ပိုးလမ်းမ တည်ဆောက်ရေး ၏ ကနဦး စတင်တည်ဆောက်ရမည့် အပိုင်းဖြစ်ပြီး အရေးပါသည့် သက်ရောက်မှုရှိကြောင်း ၊ တရုတ်-တာဂျစ်ကစ္စတန် နှစ်နိုင်ငံ တို့က ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေးတွင် အောင်မြင်မှုများစွာ ရရှိထားခဲ့ပြီး တရုတ် နိုင်ငံ နှင့် အခြား အရှေ့အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အတွက် စံနမူနာကောင်း ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တာဂျစ်ကစ္စတန် နိုင်ငံ သိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ Saidov က တာဂျစ်ကစ္စတန် နိုင်ငံ ၏ အမြင့်ဆုံး သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေဖြင့် အကယ်ဒမီ က တရုတ်နိုင်ငံ နှင့် သိပ္ပံနည်းပညာ ဖလှယ်မှုများကို တက်ကြွစွာဆောင်ရွက်သွားလိုကြောင်း ၊ အတူတကွနှီးနှောဖလှယ်ပွဲများကျင်းပ ပြုလုပ်ခြင်းဖြင့် အထူးသုတေသန နှင့် အခြား သုတေသနပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားလိုကြောင်း ၊ နှစ်နိုင်ငံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေးတွင် တွန်းအားပေးဆောင်ရွက်ကာ ပိုမိုများပြားသည့် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်သွားလိုကြောင်းပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.