လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ) ခွင့်ပြုချက်မရှိသော သတင်းအချက်အလက်များကို ထုတ်ဖော်ဖွင့်ဟမှုဖြင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Gavin Williamson အား ဝန်ကြီးချုပ်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်က မေ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွင် ငွေကျပ် သိန်း ပေါင်း ၆,၆၆၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
မော်စကို၊ မေ ၁ ရက်(ဆင်ဟွာ) နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်ရန် စစ်ရေးနည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်တို့သည် ဧပြီ ၃၀ ရက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်သွားကြရန် ကြိုတင်သတိပေးနှိုးဆော်ချက် ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။