ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၃,၀၇၂ ခုအား စစ်ဆေးရာ COVID-19ရောဂါပိုးရှိသူ ၉၂၃ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် Online လိုင်းမှတစ်ဆင့် နိုင်ငံခြားမှ ငွေများ၊ လက်ဆာင်များ ပေးမည့်ဟုဆိုကာ ငွေကြေးလိမ်လည်သော နိုင်ငံခြားသားများပါဝင်သည့် လူလိမ်ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲရစ် ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပြင်သစ်နိုင်ငံသတင်းမီဒီယာများ၏ ဒီဇင်ဘာ ၂၂ ရက် ဖော်ပြချက်အရ ယခုအကြိမ်ဖွင့်လှစ်ခဲ့သည့် ယူရို သန်း ၂၀၀ တန်ဖိုးရှိ ထီဆုကြီးကို ပြင်သစ်နိုင်ငံသား တစ်ဦး က ဆုမဲပေါက်ခဲ့ကြောင်း နှင့် ယင်းထီပေါက်သူက ဆုကြေးငွေ၏ အစိတ်အပိုင်းအချို့ကို...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က COVID-19 ကူးစက်မှုအသစ် ဆက်လက်မြင့်တက်ခဲ့ပြီး ယမန်နေ့ကထက် ၄၂၇ ဦး တိုးမြင့်လာခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ မြို့တော်ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ ပင်လယ်စာဈေးကွက်နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
ထျန်းကျင်း၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှ ဟဲပေပြည်နယ် စီကျားကျွမ်းမြို့သို့ ချိတ်ဆက်ထားသည့် ကျင်းစီ မြန်နှုန်းမြင့်အဝေးပြေးလမ်းမကြီးကို ဒီဇင်ဘာ ၂၂ ရက်က တရားဝင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ မြို့နှစ်မြို့အကြား ခရီးအကွာအဝေးကို အချိန် ၃ နာရီအထိ လျှော့ချနိုင်ခဲ့သည်။