ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် ၁၀၇၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း(၆၀,၃၄၈) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးဝလံများကို ဝယ်ယူလိုသည်ဟု နိုင်ငံတကာဈေးကွက်မှ ကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြောင်းလဲကျင်းပရန်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၆ ရက်ညပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။