Connect with us

WORLD

အမေရိကန် သမ္မတ အိမ်ဖြူတော်အရာရှိချုပ် COVID-19 ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၆ ရက်ညပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။

Meadows သည် နိုဝင်ဘာ ၄ ရက်က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ၎င်းသည် အကြံပေးအဖွဲ့အား ပြောကြားခဲ့သည်ဟု အိမ်ဖြူတော် အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ်က သတင်းဖော်ပြခဲ့သည်။

အသက် ၆၁ နှစ်အရွယ်ရှိ Meadows သည် ပြီးခဲ့သော မတ်လတွင် အိမ်ဖြူတော်အရာရှိချုပ်( Chief of Staff) ဖြစ်လာခဲ့သူဖြစ်ပြီး အိမ်ဖြူတော်၏ အဆင့်မြင့်အရာရှိများအနက် နောက်ဆုံး COVID-19 ကူးစက်ခံရသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် နိုဝင်ဘာ ၅ ရက်တွင် တစ်ရက်တည်း COVID-19 ကူးစက်ခံရသူ ၁၁၀,၀၀၀ ကျော်ဖြင့် အများဆုံးစံချိန်သစ်တင်ခဲ့သည်။

Johns Hopkins တက္ကသိုလ်စာရင်းများအရ နိုဝင်ဘာ ၆ ရက် ညအထိ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုသူ ၉,၇၃၂,၀၀၀ ဦး ရှိပြီး သေဆုံးသူ ၂၃၆,၀၀၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.