Connect with us

Sport

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီတွင် ပြောင်းလဲကျင်းပရန်သတ်မှတ်

MFF Myanmar Futsal League 2019-2020 week 22 တွင် ယှဉ်ပြိုင်ကစားနေမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF Futsal)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ ဖေဖော်ဝါရီလအတွင်း ပြောင်းလဲကျင်းပရန်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက “အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပဖို့စီစဉ်ထားတာပါ။ COVID-19 ကြောင့် ပြိုင်ပွဲကို နောက်ဆုတ်တာပါ။ ပထမက ၂၀၂၁ခုနှစ်ဇန်နဝါရီမှာ ကျင်းပဖို့ နောက်ဆုတ်ခဲ့တယ်။ အခုက ဖေဖော်ဝါရီကို ထပ်ပြီး နောက်ဆုတ်တာပါ” ဟု ဆင်ဟွာသို့နိုဝင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း၊ သို့သော် COVID-19 ရောဂါအခြေအနေကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရက်အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း၊ အိမ်ရှင်နိုင်ငံနှင့် ပြိုင်ပွဲဝင်နိုင်ငံများ၏ COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ ပြိုင်ပွဲကျင်းပမည့်ရက်အား ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)