ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါ(Schistosomiasis) ကူးစက်မှု ထိန်းချုပ်ရေး အတွက် လုပ်ငန်း စီမံချက် တစ်ခု ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ မြို့များ၌ တရားမဝင်သစ်များအား ဖမ်းဆီးရာ တစ်ပတ်အတွင်း တန် ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။
ယူနန်၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Jing’anshao ကျေးရွာတွင် အကွေ့အကောက်ပေါင်း ၆၈ ခုရှိ တောင်ပေါ်လမ်း ဖောက်လုပ်ထားသည်။ အဆိုပါလမ်းမှာ စုစုပေါင်း ၆.၃ ကီလိုမီတာအရှည်ရှိပြီး လမ်းဖောက်လုပ်ရေးသမိုင်းတွင် အကွေ့အကောက်များစွာအကြားထူးချွန်စွာဖောက်လုပ်နိုင်ခဲ့သည့် မှတ်တမ်းဝင်ခဲ့သည်။ “၁၉၉၅ ခုနှစ်မှာ ဒီလမ်းကိုဖောက်လုပ်ပြီးစီးပြီးတော့ ကျွန်တော်တို့ တောင်အောက်ကိုဆင်းပြီးဈေးသွားတဲ့အခါ ဝန်စည်စလည်တွေကို...
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု(A belt & Road) စီမံကိန်း၏ အစိတ်အပိုင်းများ၊ လှုပ်ရှားဆောင်ရွက်မှုများကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးတင်ဆက်ပါသည်။ (Xinhua)