တူးနစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူနီးရှားနိုင်ငံ သမ္မတ Kais Saied က နိုင်ငံ အရှေ့တောင်ပိုင်း Sfax ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ငွေကြေးအကူအညီဖြင့် တည်ဆောက်ထားသော တက္ကသိုလ်ဆေးရုံအသစ်ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းအား ဒီဇင်ဘာ၃၁ရက်ထိ ရက်ထပ်တိုးပိတ်ခြင်းနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်းမှ ကုန်အဝင်အထွက်အားဖွင့်လှစ်ပေးရန် တောင်းဆိုတင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း ၄၅ ဦးတွင် ထပ်မံဖြစ်ပွားခဲ့သည့်အတွက် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၇,၉၇၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။