Connect with us

Politics, Law & Military

တရုတ်နိုင်ငံက RCEP ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး အရှိန်မြှင့်ဆောင်ရွက်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Beibu Gulf ဆိပ်ကမ်း၏ Qinzhou ဂိတ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော်ကောင်စီသည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု (RCEP) အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လွတ်လပ်သော ကုန်သွယ်မှုကို ထိန်းသိမ်းရန်နှင့် နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်ပယ်အသစ် ဖွင့်လှစ်ရန် ဆောင်ရွက်ချက်များစွာ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သဘာပတိအဖြစ် ဆောင်ရွက်သော နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေးပြီးနောက် ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

ဒီဇင်ဘာ ၁ ရက်က ကျင်းပခဲ့သော အဆိုပါ အစည်းအဝေး၌ အစိုးရ စစ်ဆေးရေးခရီးစဉ်များဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)