ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သိန္နီမြို့တွင် ငွေကျပ်၁,၃၂ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ဆစ်ဒနီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဧပြီလ ၁၄ ရက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ဆေးရုံး၌ ကျောက်ကပ်တစ်လုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာဝန်များက ဧပြီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။