လာဆာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရာတွင် အဓိကအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ(CPC) အကြီးအကဲWu Yingjie က ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေရာအတော်များများတွင် အောက်တိုဘာ ၁၄ ရက်က ရေဖုံးလွှမ်းခဲ့ပြီး မော်တော်ယာဉ်များလည်း ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အတွင်းမှ ငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အချက်အချာကျသည့် မင်္ဂလာဒုံဘူတာ၊ ပုရွက်ဆိတ်ကုန်းဘူတာ၊ တညင်းကုန်းဘူတာ၊ အင်းစိန်ဘူတာနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင်ငါးခု တည်ဆောက်မှုပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၇)တိုင်း(ရန်ကုန်) မှ သိရသည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) သည် လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား အောက်တိုဘာ ၁၄ ရက်က လက်ခံတွေ့ဆုံခဲ့ပြီး...