Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဆီဘောက်ဆာယာဉ်ပေါ်မှ သိမ်းဆည်းရမိသော အိုက်စ်မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အတွင်းမှ ငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အမှတ်၊ MDY 2R/— အားတွေ့ရှိသဖြင့် စစ်ဆေးရာ ဆီသိုလှောင်ကန်အကန့်နှစ်ကန့်အတွင်းမှ ဆာလာအိတ်များအတွင်း သိုဝှက်သယ်ဆောင်ထားသည့် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါးအထုပ် ၁,၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ် သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.