ချင်းသောင်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းသောင်မြို့၌ အောက်တိုဘာ ၁၄ ရက် ၁၈:၀၀ နာရီ အထိ မြို့၏အဓိက နေရာ ၅ ခု ဖြစ်သည့် မြို့တောင်ပိုင်း၊မြောက်ပိုင်း ၊ လီချန်း၊ လောင်ဆန်း၊ ချန်ယန် ဒေသများတွင် Nucleic acidဓါတ်ခွဲဆေးစစ်မှု ၃.၄၁...
ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာသစ် ၈၈၈ ဦးတိုးလာပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၁,၃၂၅ ဦးထိရှိလာကြောင်း ယနေ့(အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ၏ အကြွင်းအကျန်တိမ်တိုက်များ အနောက်ဘက်သို့ ရွေ့လျားလာမှုကြောင့် အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၉ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၁၄ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းဖြစ်သည့် မကွေးအက်ဖ်စီဘောလုံးအသင်းအနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲကြုံသောကြောင့် အသင်းကိုဖျက်သိမ်းလိုက်ကြောင်း၊ အသင်းကစားသမားများအား အောက်တိုဘာ ၁၄ ရက်တွင် လျာ်ကြေးပေးပြီးဖြစ်ကြောင်း အသင်းအုပ်ချုပ်သူဦးကြည်လွင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၄ ရက်တွင်ပြောကြား သည်။
ဆန်းကျန့်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ဆန်းကျန့် အထူးစီးပွားရေးဇုန် (SEZ) တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့( အောက်တိုဘာ ၁၄ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။