တိုကျို၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ မြောက်ပိုင်း အီဘာရာခီစီရင်စု ကမ်းရိုးတန်းအလွန်တွင် စက်တင်ဘာ ၅ရက် နံနက်ပိုင်း က အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင်တည်ရှိသည့် သက်တမ်းနှစ်ပေါင်း ၂ဝဝ ရှိ အမျိုးသားပြတိုက်တွင် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားအမွေအနှစ်ပစ္စည်းပေါင်း သန်း ၂ဝ ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် စက်တင်ဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် ည ၇...
ပေကျင်း၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းတွင် ကျင်းပလျက်ရှိသည့် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေး သို့ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားပေါင်း ၂၆ဝဝ ကျော် တက်ရောက်သတင်းရယူခဲ့သည်။ အဆိုပါ ပွဲတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက်နှင့်ပူးပေါင်းဆောင်ရွက်မှုထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်းကြေညာမှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ သတင်းမီဒီယာများ၏ အမြင်များ မှတ်ချက်များကို ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ဆက်ပါသည်။ (Xinhua)
ကွမ်ရှီး၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တွင် လက်မှုပညာကျွမ်းကျင်သည့် အသက် ၆ဝ အရွယ် လက်သမားကြီးတစ်ဦးက ဝါးများကို ထွင်းထုဖြတ်တောက်ကာ ဝါးဒေါက်မြင့်ဖိနပ်များကို ပြုလုပ်ခဲ့သည်။chanel တံဆိပ်ဒေါက်ဖိနပ်ကို ဝါးဖြင့်အတုယူကာ ဖန်တီးထုတ်လုပ်သော ၎င်း၏ video မှာ တရုတ်လူမှုကွန်ရက်များပေါ်တွင် အလွန်စိတ်ဝင်စားမှုရရှိခဲ့သည်။(Xinhua)
ဗြူနိုအေးရိစ်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင်စီးပွားရေးအကြပ်အတည်းမှာ အရေးပေါ်အခြေအနေကျရောက်နေသောကြောင့် ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့်လျှော့ချမည်ဟု အာဂျင်တီးနားသမ္မတ Mauricio Macri က စက်တင်ဘာလ ၃ ရက်နေ့က ကြေငြာခဲ့သည်။ နိုင်ငံအတွင်း စီးပွားရေးကြပ်တည်းမှုအခြေအနေမှာ အရေးပေါ်အနေအထား ကျရောက်လျက်ရှိပြီဖြစ်သောကြောင့် မိမိအနေဖြင့် ထိုသို့ ဝန်ကြီးဋ္ဌာနများကို ထက်ဝက်ခန့် လျှော့ချ ခြင်းဖြစ်ကြောင်းသူကဆိုသည်။...