ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် Chang’e-5 သည် နိုဝင်ဘာ ၂၅ ရက် ညပိုင်းတွင် ဒုတိယအကြိမ် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ပြောကြားခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ဆောင်ရွက်ဆဲလုပ်ငန်း(၅)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ်(၆)ခုကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ဗျူနိုအေရစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကွယ်လွန်သွားသော အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာ၏ ခန္ဓာကိုယ်ပေါ်တွင်မည်သည့် ဒဏ်ရာလက္ခဏာမျှမတွေ့ရကြောင်း နှင့် ၎င်းသည် သဘာဝအတိုင်း လူကြီးရောဂါများဖြင့်ကွယ်လွန်သွားခြင်းသာဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ San Isidro မြို့မှ ရှေ့နေချုပ် John Broyad က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ် ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။