ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံရှိ အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းသော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ်အား လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို...
ထျန်းကျင်း ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အသိဉာဏ်ဖြင့် အချင်းချင်းချိတ်ဆက်နိုင်သည့် စနစ်တပ်ဆင်ထားသော မောင်းသူမဲ့ယာဉ် (ICV) နှစ်စင်း ကို ထျန်းကျင်းမြို့ရှိပန်းခြံတစ်ခုအတွင်း စမ်းသပ်မောင်းနှင်ခဲ့သည်။ အဆိုပါ ICV ယာဉ်နှစ်စီးအနက် တစ်စီးမှာ လက်လီအရောင်းဆိုင်အသေးစားထည့်သွင်းထားသည့် ယာဉ်ဖြစ်ပြီး ကျန်တစ်စီးမှာ ပတ္တရောင် ကင်း လှည့်သည့် မော်တော်ယာဉ် ဖြစ်သည်။...
ရှင်းကျန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထျန်းရှန်တောင်တန်းများသည် နွေရာသီတွင် အရောင်အသွေးစုံလင်စွာလှပလျှက်ရှိရာ မျက်စိပသာဓဖြစ်ဖွယ် ရှုမျှော်ခင်းအစုံကို drone ရိုက်ချက်များဖြင့် ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ကွေ့ကျိုး၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မှော်ကျောက်တုံးရဲတိုက်ဟု တင်စားခေါ်ဝေါ် ကြသော ကျောက်သားရုပ်တုများ ခင်းကျင်းပြသထားသည့် ၁၃ ဟက်တာ အကျယ်အဝန်းရှိသော ဥယျာဉ်တစ်ခုရှိသည်။ ၎င်းဥယျာဉ်ကို ဖန်တီးခဲ့သည့် အသက် ၈၁ နှစ်အရွယ် ပန်းပုဆရာကြီး Song Peilun က...