ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ယခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကထားရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
မနီလာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်တောင်ပိုင်း တစ်လျှောက်တွင် ဒီဇင်ဘာ ၂၂ရက်က တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အနည်းဆုံး လူ ၃၀ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့ ငါးခူရနယ်မြေစခန်းအား ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်ရှိ ယခင်ကုန်သွယ်ရေးဇုန် အဖြစ်လျာထား မြေဧရိယာ ၄၉ ဒသမ ၆ ဧကကို ကညင်ချောင်း စီးပွားရေးဇုန်အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရာတွင် ဧက ၁၀၀ ထပ်မံတိုးချဲ့ထားကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။ လက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်အကောင်အထည်ဖော်...