ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများတွင် ထူးကဲဒီရေတက်လာသောကြောင့် သုံးရက်အတွင်း လူနေတဲအိမ်(၁၁၃)လုံး ပြိုကျပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းခဲ့ပြီး လွှတ်တော် နှစ်ရပ် သဘောထား ကွဲလွဲခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဆန္ဒမဲခွဲပြီး...
ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူးတွဲစစ်စခန်းတစ်ခုအား သန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ Tolo News ရုပ်သံလိုင်းက သြဂုတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သြဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များ တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာသောကြောင့် ရယက- ၁၂ နယ်မြေ ရေကြည်ဦး ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာယီကယ်ဆယ်ရေး စခန်း ဖွင့်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တွားသွားသတ္တဝါအမျိုးအစားအစုံကိုပြသသည့် ကမ္ဘာ့အကြီးဆုံး ပြပွဲတစ်ရပ်ကိုသြဂုတ်လ ဒုတိယရက်သတ္တပတ်အကုန်တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် တွားသွားသတ္တဝါချစ်သူထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြသည်။ လာရောက်ကြသူများမှာတွားသွားသတ္တဝါများကိုရောင်းချသူ၊ မွေးမြူသူများနှင့်တွေ့ဆုံနိုင်ပြီး အဆိုပါ တွားသွားသတ္တဝါများနှင့်လည်းတွေ့ထိ ကိုင်တွယ်နိုင်ကြသည်။ ပုတ်သင်ညိုများ၊ လိပ်များ၊ မြွေများနှင့် အခြားတွားသွားသတ္တဝါအမျိုးအစာ းအစုံကို လေ့လာနိုင်မည့်ပြပွဲတစ်ပွဲလည်းဖြစ်ကြောင်းသိရသည်။(Xinhua)