Connect with us

Videos

မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်းကြီး အလုံးစုံ ပြီးမြောက်ပြီဟု တရုတ်ကြေညာ

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ် / စုဝင့်

မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်းကြီး အလုံးစုံ ပြီးမြောက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာလိုက်သည်။ ယင်းရေကာတာကြီးသည် ကမ္ဘာ့အကြီးဆုံး ဘက်စုံရေထိန်းချုပ်ရေးစနစ်ပါဝင်သည့် ရေအားလျှပ်စစ်စီမံကိန်းကြီးလည်းဖြစ်သည်။ စီမံကိန်းကြီးကို တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ကြီး တစ်စင်းဖြစ်သည့် ယန်ဇီမြစ် ၏ အလယ်ဘက်တွင် အကောင်အထည်ဖော်တည်ဆောက်ထားခြင်းဖြစ်သည်။ စီမံကိန်းတွင် အရှည် ၂,၃၀၉ မီတာ ၊ အမြင့် ၁၈၅ မီတာရှိ သည့် ရေလှောင်တမံတစ်ခု၊ ထောက်တိုင် ၅ခုပါသင်္ဘောကျင်း နှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဂျင်နရေတာ အလုံးပေါင်း ၃၄ လုံးပါဝင် ကြောင်း သိရသည်။

၎င်းရေကာတာစီမံကိန်းသည် ရေကြီးရေလျှံမှုကို ထိန်းချုပ်ပေးခြင်း ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးခြင်း နှင့် မြစ်အတွင်းရှိ သင်္ဘောများအတွက် ရေမျက်နှာပြင် ထိန်းညှိပေးခြင်းများ ပြုလုပ်ပေးကြောင်း သိရသည်။ လျှပ်စစ်ဓါတ်အား ကီလိုဝပ်ပေါင်း ၂၂.၅ သန်းကိုလည်း ပေါင်းစပ်ထုတ်လုပ်ပေးသည်။

စီမံကိန်းကို၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ်ကာ တည်ဆောက်မှု ကို ၂၀၀၉ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ စီမံကိန်းကြီးမှာ စစ်ဆေးချက်များအားလုံးကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းမွန်စွာလည်ပတ် နေပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.