ရှန်တုံ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မွေးရာပါ ရောဂါ တစ်မျိုးကြောင့် ခြေထောက်သိမ်ပြီး မသန်စွမ်းတစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် Liu Honggang ဆိုသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် ရှိ Tai တောင်တန်းပေါ်သို့ လက်နှစ်ဖက်ဖြင့် တက်ရောက်ခဲ့သည်မှာ ၎င်း အသက်၁ဝ နှစ်...
ကွေ့ကျိုး၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် longli စီရင်စုတွင် နဂါးဦးခေါင်းသဏ္ဍာန် ဧရာမ ရေပန်းကြီးတစ်ခုကို မြေပြင်မှ ၆ဝ မီတာအထက် တောင်စောင်းပေါ်တွင် ဖန်တီး တပ်ဆင်ထားကြောင်း သိရသည်။ ၎င်းရေပန်းကြီးမှာ အလေးချိန်အားဖြင့် ၁၂တန်ရှိပြီး တရုတ်နိုင်ငံ၏အလှပဆုံးရေပန်းတစ်ခုအဖြစ် ကျော်ကြားသည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) စင်ကာပူမြစ်ကမ်းနံဘေးတွင် ခင်းကျင်းထားသည့် တရုတ်နိုင်ငံ ထန်မင်းဆက် (အေဒီ ၆၁၈-၉၀၇) ခေတ်က ကြွေထည်ခွက်များနှင့် ရှေးခေတ်ရွှေထည် အသုံးအဆောင်ပစ္စည်းများပြပွဲက ရှေးခေတ်ကုန်သွယ်မှု လမ်းကြောင်းတွင် ဤဒေသက အရေးပါသောနေရာတွင် မည်သို့ ပါဝင်ခဲ့သည်ကို လှစ်ဟပြလိုက်သည်။
ရန်ကုန်၊ သြဂုတ်၁၃ ရက် (ဆင်ဟွာ) မြန်မာ့ရွှေဈေးကွက်တွင် ရွှေဈေးအတက်အကျကြမ်းလျက်ရှိကြောင်း၊ သြဂုတ် ၁၃ ရက် တွင် တစ်ရက်တည်း တွင်ကျပ် ၁,၂၁၂,၀၀၀ မှ ကျပ်၁,၂၃၃,၀၀၀ သို့ ကျပ်၂၁,၀၀၀ ဈေးတက်သွားခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာကိုပြောသည်။