Connect with us

WORLD

မက္ကဆီကိုနိုင်ငံတွင် တုတ်ကွေးရောဂါကာကွယ်ဆေး ၁ သောင်းကျော် ခိုးယူခံရ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးတွင် အစားအစာ အခမဲ့လှူဒါန်းပေးနေသောနေရာတစ်ခုအား စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် ယခုရက်ပိုင်းများအတွင်း တုပ်ကွေးရောဂါကာကွယ်ဆေးများ ခိုးယူခံခဲ့ရကြောင်း မက္ကဆီကို အာဏာပိုင်များက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ကင်ဆာရောဂါ ကုသဆေးဝါးများ ခိုးယူခံခဲ့ရကြောင်း ဆိုသည်။

အစိုးရဆေးရုံသို့ ပို့ဆောင်မည့် တုတ်ကွေးရောဂါကာကွယ်ဆေး VAXIGRIPတင်ဆောင်သွားသည့် ထရပ်ကားတစ်စီး အောက်တိုဘာ ၁၂ ရက်က ခိုးယူခံလိုက်ရခြင်းကြောင့် ကာကွယ်ဆေး ၁သောင်းကျော် ပျောက်ဆုံးနေကြောင်း မက္ကဆီကို ကျန်းမာရေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကော်မတီ (COFEPRIS)က ယင်းနေ့တွင် ပြောကြားခဲ့သည်။
အချင်းဖြစ်ပွားမှု အသေးစိတ်အခြေအနေကို ထို့ထက်ပို၍ ပြောကြားခြင်းမရှိသေးသော်လည်း ပျောက်ဆုံးသွားသည့် ကာကွယ်ဆေးများသည် ဆေးဝါးလုံခြုံရေးအာမခံချက် မရှိတော့ခြင်းကြောင့် ဆေးရုံ၊ ဆေးခန်းနှင့်အများပြည်သူ ဝယ်သူသုံးစွဲခြင်းမပြုကြရန် COFEPRIS က တိုက်တွန်းထား ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးတွင် အစားအစာ အခမဲ့လှူဒါန်းပေးနေသောနေရာတစ်ခုအား စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် မက္ကဆီကို အမှုစစ်ဌာန၏ အောက်တိုဘာ ၁၆ ရက်က ပြောကြားချက်အရ မြို့တော် မက္ကဆီကို စီးတီး လမ်းမပေါ်တွင် ကင်ဆာရောဂါ ကုသဆေးများထည့်ထားသည့် အိတ်ကြီး ၂၇ အိတ်ကိုတွေ့ရှိရကြောင်း သိရသည်။လက်နက်ကိုင် လူတစ်ချို့ အောက်တိုဘာ ၄ ရက်က ဓါတ်ခွဲခန်းတစ်ခုတွင် ကင်ဆာဆေးများကို ခိုးယူခဲ့ကြောင်း၊ လက်ရှိလမ်းမပေါ်တွင် တွေ့ရှိသော ကင်ဆာရောဂါကု ဆေးများသည် ခိုးယူခံရသည့် ပစ္စည်းများဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ဆိုသည်။

မက္ကဆီကိုတွင် ကလေးသူငယ် ကင်ဆာကုသဆေးဝါး ပြတ်လပ်မှု နှင့် တုပ်ကွေးရာသီ ရောက်ရှိလာမည်ကို ရင်ဆိုင်နေရသည်။ တုပ်ကွေးနှင့်ကိုဗစ်ရောဂါ နှစ်ထပ်ကွမ်းဖြစ်ပွားမည်ကို ကာကွယ်ရန် မက္ကဆီကိုတွင် တုပ်ကွေးရောဂါကာကွယ်ဆေးများ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်များအရ မက္ကဆီကိုနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၈၄၁,၆၆၁ ဦး၊ စုစုပေါင်းသေဆုံးသူ ၈၅,၇၀၄ ဦး ရှိကြောင်း သိရသည်။ ကူးစက်ခံရသည့်ဦးရေသည် အတည်ပြုလူနာအရေအတွက်ထက် များစွာ များပြားနိုင်ကြောင်း မက္ကဆီကိုနိုင်ငံ အစိုးရက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.