နေပြည်တော်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) လူ့အခွင့်အရေးကိုကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ပါ ကျွဲကူးရေပါအလိုလိုထိန်းသိမ်းစောင့်ရှောက်နိုင်သောကြောင့် လူ့အခွင့်အရေးကို အထူးဂရုစိုက်ထိန်းသိမ်းပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီ ၂၄ ရက်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံစဉ် ညွှန်ကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၈)ခု ခွင့်ပြုပေးခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။