ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီ ရှောင်မီ(Xiaomi)က ယင်းကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် မျက်နှာပြင်နှစ်ဖက် ထိုးဖောက်မြင်နိုင်စွမ်းရှိသည့် ထိုးထွင်းမြင် ဖန်သားကြည် တီဗွီအား ပေကျင်းမြို့ ၌ကျင်းပသော တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းပြပွဲ(CIFTIS)တွင် ထုတ်ဖော် ပြသခဲ့သည်။ (Xinhua)
ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS)တွင် ပြသထားသော Saidaqian ပန်းချီပညာရှင် စက်ရုပ်ကလေးသည် ပြပွဲသို့လာရောက်လေ့လာကြည့်ရှုကြသူများ၏ ရုပ်ပုံတူပန်းချီအား ၃ မိနစ်အတွင်း အပြီးဆွဲပေးနေပုံကို ဆင်ဟွာ သတင်းဌာနမှ ရုပ်ကူးတင်ဆက် ထားခြင်း ဖြစ်ပါသည်။(Xinhua)
ဟနွိုင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာပင် စာသင်နှစ်သစ်အတွက် နိုင်ငံအတွင်းရှိကျောင်းများကို စက်တင်ဘာ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားပေါင်း ၂၃ သန်းနီးပါးသည် ၎င်းတို့၏ စာသင်ကျောင်းများသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဟောင်ကောင်၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် စက်တင်ဘာ ၆ ရက်က နံနက် ၈ နာရီမှ ည ၈ နာရီ အချိန်အတွင်း မြို့နေပြည်သူပေါင်း ၁ သိန်း ၈ သောင်းခန့်ကို ရပ်ရွာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးရေး အစီအစဉ်ဖြင့်...