ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီစဉ်ပြီးနောက် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန် အလည်အပတ်ရောက်ရှိနေသည့် နေပြည်တော်၏ မြင်ကွင်းအလှပုံရိပ်များကို 360 ဒီဂရီ ရုပ်သံဖြင့်ရိုက်ကူးထားပါသည်။(Xinhua)
နေပြည်တော် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ယနေ့ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာရာ ဒုတိယသမ္မတဦးမြင့်ဆွေက လေဆိပ်တွင်ကြိုဆိုခဲ့ကြောင်းသိရသည်။ယခုခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်အတွက် သမ္မတ ရှီ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ၁၉ နှစ်ကြာ ကာလပြီးနောက်...
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သို့ ဇန်နဝါရီ ၁၇ ရက်တွင် ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိလာသည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးဝင်းမြင့် က အလေးပြုခံစင်မြင့်ထက်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား အတူတကွလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။(Xinhua)
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ နေပြည်တော်သို့ ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်များတွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည်။သမ္မတရှီ သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိရာ မြန်မာနိုင်ငံဒုတိယသမ္မတဦးမြင့်ဆွေနှင့်...