ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ စီစဉ်မှုများအရ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ အစောပိုင်း တွင် ကျင်းပမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုက်ယွမ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ ရုပ်ထွက်မြင့်မားသော မြေပုံဖတ်ဂြိုဟ်တုတစ်စင်းကို နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ လွှတ်တင်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကို ယနေ့ဇူလိုင် ၂၅ ရက်တွင် စတင်ကြည့်ရှုနိုင်ပြီဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများကလည်း မဲစာရင်းများ လာရောက်ကြည့်ရှုနေကြပြီ ဖြစ်ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ နှင့် စပိန် နိုင်ငံ အစိုးရ တို့ က ခရီးသည်တင်လေယာဉ် တည်ဆောက်ရေး လုပ်ငန်း တွင် စည်းမျဉ်းစည်းကမ်း အား ချိုးဖောက်၍ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း များကို ပြင်ဆင်လိုက်ပြီး ဖြစ်သောကြောင့်...
ပရက်ဂ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ မြို့တော် ပရက်ဂ်ရှိ ညကလပ်တစ်ခုတွင် ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် မွေးနေ့ပါတီတက်ရောက်ပြီးနောက် လူပေါင်း ၁၀၉ ဦး COVID-19 ကူးစက်ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဇူလိုင် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။