Connect with us

Asia

ကမ္ဘောဒီယားနိုင်ငံတွင် ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၃ ဦးသေဆုံး၊ ၁၂,၀၀၀ ကျော် ဘေးကင်းရာသို့ ရွှေ့ပြောင်းရ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အနောက်တောင်ဘက် Dangkor ခရိုင်တွင် ရေဖုံးလွှမ်းနေသည့် လမ်းပေါ်၌ သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Phearum/Xinhua)

ဖနွမ်းပင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီယားနိုင်ငံရှိ မြို့ကြီးနှင့် ပြည်နယ် ၂၅ ခုအနက် ၁၉ ခုတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၃ ဦး သေဆုံး၍ ၁၂, ၃၇၆ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ယခုလအစကတည်းက လူပေါင်း ၁၉၃,၂၆၈ ဦး ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရပြီး ၁၂, ၃၇၆ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ (NCDM) ၏ ပြောရေးဆိုခွင့်ရှိသူ Seak Vichet က ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အနောက်တောင်ဘက် Dangkor ခရိုင်တွင် ရေဖုံးလွှမ်းနေသည့်အိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ- Sovannara/Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အနောက်တောင်ဘက် Dangkor ခရိုင်တွင် ရေဖုံးလွှမ်းနေသည့်အိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ- Sovannara/Xinhua)

“ယခုအထိ ရေကြီးရေလျှံမှုကြောင့် ကလေး ၅ ဦး အပါအဝင် လူ ၁၃ ဦးသေဆုံးခဲ့ရတယ်”ဟု ၎င်းက ဆင်ဟွာကိုပြောခဲ့သည်။ နိုင်ငံ အနောက်မြောက်ပိုင်း Battambang၊ Pursat နှင့် Banteay Meanchey တို့အပြင် တောင်ပိုင်း Kandal တို့မှာ ရေကြီးရေလျှံမှုဒဏ် အဆိုးဝါးဆုံး ထိခိုက်ခဲ့ရကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၄၇,၉၂၃ လုံးနှင့် စပါးနှင့်သီးနှံစိုက်ပျိုးသည့် ဟက်တာပေါင်း ၁၈၆,၆၈၉ ရေလွှမ်းမိုးခံခဲ့ရပြီး စပါးနှင့်သီးနှံ ၁၂,၉၅၈ ဟက်တာ ပျက်စီးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အနောက်တောင်ဘက် Dangkor ခရိုင်တွင် ရေနစ်မြုပ်နေသည့် ဘုရားတစ်ဆူကို တွေ့ရစဉ် (ဓာတ်ပုံ- Phearum/Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ အနောက်တောင်ဘက် Dangkor ခရိုင်တွင် ရေဖုံးလွှမ်းနေသည့် လမ်းပေါ်၌ သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Phearum/Xinhua)

ထို့ပြင် အဆိုးဝါးဆုံး ထိခိုက်ခဲ့ရသည့် ပြည်နယ်များမှ လမ်းမျက်နှာပြင်များမပျက်စီးစေရန် အဓိက လမ်းမများစွာ ပိတ်ထားရသဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ထိခိုက်ခဲ့ရသည်။

Saudel အပူပိုင်းမုန်တိုင်းကြောင့် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ မိုးရွာသွန်းမှုများ၊ လေတိုက်ခတ်ခြင်းများ၊ လှိုင်းကြီးခြင်းများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပြီး ရေကြီးမှုများလည်း ထပ်မံဖြစ်ပွားနိုင်ကြောင်း ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီး Lim Keanhor က အောက်တိုဘာ ၁၅ ရက်က ပြောဆိုခဲ့သည်။

“လွင်တီးခေါင်ပြင်တွေ၊ရေလမ်းကြောင်းတွေနဲ့ တောင်တွေအနီးမှာ နေထိုင်သူတွေ၊  ငါးဖမ်းလုပ်သားတွေနဲ့ ပင်လယ်ပြင်ထွက်ရသူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်လိုအန္တရာယ်မျိုးကိုမဆို ရှောင်ရှားနိုင်ဖို့ သတိပိုရှိစေလိုပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် သြဂုတ်နှင့် အောက်တိုဘာလများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်က မဲခေါင်မြစ်နှင့် ရုတ်တရက် ရေကြီးမှုကြောင့် လူ ၃၀ သေဆုံးခဲ့ရပြီး မုန်တိုင်းကြောင့် လူ ၈ ဦး သေဆုံးကာ အခြားသူ ၁၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NCDM ၏ အဆိုအရ သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117