ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင်(၅၀၀)ဆံ့ဆေးရုံ၏ ငါးထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းတွင် ယနေ့ (ဇွန် ၁ ရက်) ညနေ ၅နာရီ ၂၃ မိနစ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အဆိုပါ ဆေးရုံတာဝန်ခံတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
နယူးယောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား တစ်ဦး သေဆုံးခဲ့ရမှုအပေါ် တရားမျှတမှုရရှိရေးအတွက် အမေရိကန်ပြည်သူတစ်ရပ်လုံးက ဆက်တိုက်ဆိုသလို ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။ ထောင်ပေါင်းများစွာသော နယူးယောက်မြို့သားများသည် စနေနေ့မွန်းလွဲပိုင်းမှ စတင်ကာ နေရာငါးခုတွင် စုဝေးကြပြီး လူမဆန်သောရဲတပ်ဖွဲ့၏...
နယူးယောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုတွင် လူမဲအမျိုးသား Geroge Floyd သေဆုံးမှုကြောင့် အုံကြွမှုများဖြစ်ပွားလျှက်ရှိရာ နိုင်ငံတစ်ဝန်းရှိ မြို့အသီးသီးတွင် အကြမ်းဖက်မှုများကို ထိန်းသိမ်းရန်အလို့ငှာ အမျိုးသားစောင့်တပ်များကို တပ်ဖြန့်ချထားကြောင်း သိရသည်။ (Xinhua)
လော့စ်အိန်ဂျလိစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) အာဖရိကန် အမေရိကန်လူမည်း အမျိုးသားဂျော့ဖလွိုက် သေဆုံးမှုကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ပြည်သူများ ဆန္ဒပြလျှက်ရှိရာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး အဆိုပါဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို တင်ဆက်လိုက်ခြင်းဖြစ်သည်။ (Xinhua)