နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) လျာထား မြေဧက ၉,၆၉၀ ဒသမ ၄ ဧက ပေါ်တွင် တည်ဆောက်ရန် စီစဉ်လျက် ရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ၂၀၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားပြီး တစ်နှစ်လျှင် ခရီးသည် ရှစ်သန်း ကိုင်တွယ်...
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူ (၆၂၄) ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်က အကယ်၍ ၎င်း၏ ပြိုင်ဘက် ရီဘတ်ပလီကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်ထံတွင် COVID-19 ရောဂါရှိနေဆဲ ဆိုပါက လာမည့် စကားစစ်ထိုးပွဲကို ကျင်းပရန် မသင့်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲများလာရောက်ပေးမည့် မဲရုံအရေအတွက်သည် အခြေခံ မဲဆန္ဒရှင် စာရင်းပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကေည်မရှင်ထံမှ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ကျေးရွာများတွင် နေထိုင်သူများ၏ ၉၈ ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ fiber-optic ကေဘယ်မှတစ်ဆင့် အင်တာနက် ဝင်ရောက်အသုံးပြုလျက်ရှိပြီး ၂၀၁၇ ခုနှစ်က ၇၀ ရာခိုင်နှုန်းအောက်ရှိရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အင်တာနက်...