ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲပြီး စီးပွားရေးနှင့် လူမှုရေးအရ ပိုမိုချိတ်ဆက် ဆောင်ရွက်မည့်အစီအစဉ်များရှိကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တရုတ်နိုင်ငံက အထူး အလေးထားပါကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသော နိုင်ငံရေးပါတီများ အကြား မကြာမီပြုလုပ်မည့် ဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲကျင်းပရေးစီစဉ်သူများက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ကိုင်ရို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၂၅ ရက်က အီဂျစ်နိုင်ငံ မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်အတွင်းရှိ ဗလီတစ်လုံး တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၂၃၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။