ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က ကျပ် သိန်း ၈၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) “ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား ဧပြီလ (သြင်္ကန် ပွဲတော်) ကာလ အတွင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ် ၊...
အင်ဒီယားနားပိုလိစ်၊ အမေရိကန်၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်း ၃၆၁ ခုအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြုလုပ်သော အခမ်းအနားတစ်ခု၌ ကြေညာခဲ့သည်။
ဒမတ်စကပ် ၊မတ် ၁ ရက် (ဆင်ဟွာ) များပြားလှသော ဆီးရီးယားဒုက္ခသည်များသည် လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေရာမှ ဆီးရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ရောက်လာခဲ့ကြောင်း ပြည်နယ်သတင်းအေဂျင်စီ SANAသတင်းအရ သိရသည်။
ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ မက်ကွာရီကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာတွင် အင်အား ၅.၈ ပမာဏရှိသော ငလျင်တစ်ခု မတ်လ ၁ ရက် နံနက် ၀၁း၀၂း၁၂ နာရီက လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။