Connect with us

Agriculture

မြန်မာနိုင်ငံရှိ မြစ်ချောင်းဒေသများ၌ ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိ

မြစ်ချောင်းဒေသများ၌ တွေ့ရှိထားသော ရေချိုငါးမျိုးစိတ် သစ်များအားတွေ့ရစဉ် (FFI)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။

ယခုမျိုးစိတ်သစ်အဖြစ် သတ်မှတ်ခံရသည့် ငါးမျိုးစိတ်များသည် ငါးသလဲထိုးအုပ်စုဝင်နှင့် တောင်ပေါ် ရေစီးသန်သောချောင်းများရှိ ကျောက်များတွင်ကပ်လျက်ရှင်သန်နေထိုင်နေသည့် ငါးစင်ရိုင်းပုံသဏ္ဌာန် အုပ်စုဝင် ရေချို ငါးမျိုးစိတ်များဖြစ်ပြီး မေခနှင့်မလိခမြစ်များတွင် ၄မျိုး၊   အင်းတော်ကြီးဒေသတွင် ၄မျိုး၊ တနင်္သာရီမြစ်တွင် ၁ မျိုးနှင့်  သံလွင်မြစ်ဝှမ်းမှ တစ်မျိုးတို့ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(မြန်မာ)FFI မှ ရေချို၊ ရေငန် ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာ ဦးဇော်လွန်းက ပြောကြားသည်။

“အသစ်တွေ့ရှိတဲ့ ငါးမျိုးစိတ်သစ် ၁၀ မျိုးကိုလည်း သိပ္ပံအမည်သစ် တွေပေးပြီး အပြည်ပြည်ဆိုင်ရာ သိပ္ပံစာစောင် တွေမှာ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်” ဟု ၎င်းက ဆိုသည်။ထိုပြင် မြန်မာနိုင်ငံ၏ ရေချိုမြစ်ချောင်းများ တွင်သာတွေ့နိုင်သော ဒေသရင်း မျိုးစိတ်များ ဖြစ်သည့် အင်းတော်ကြီးဒေသမှ     မိကျောင်း သွားကြားထိုးတံငါး  (Microphis dunckeri)နှင့်   ချင်းတွင်း         ရေချိုငါးလိပ်ကျောက် (Makararaja chindwinensis) တို့ကိုလည်း  မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ယခင် မေခ၊ မလိခမြစ်များတွင် ငါးမျိုးစိတ်   ၄၆ မျိုး၊ အင်းတော်ကြီးဒေသတွင် ငါးမျိုးစိတ် ၉၅ မျိုး၊  ဧရာဝတီမြစ်တွင် ငါးမျိုးစိတ် ၁၁၆ မျိုး၊ တနင်္သာရီမြစ်တွင် ငါးမျိုးစိတ် ၁၁၃ မျိုး၊ လေညာမြစ်တွင် ငါးမျိုးစိတ် ၅၄ မျိုး တွေ့ရှိ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်နေသော အပြည် ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်အဖွဲ့(မြန်မာ)FFI သည် မြန်မာနိုင်ငံ၏ ငါးသယံဇာတထိန်းသိမ်းရန်နှင့် မြန်မာ့ငါးမျိုး စိတ်များစာရင်းကို  ပြုစုနိုင်ရန်အတွက်  ငါး လုပ်ငန်းဦးစီးဌာနမှပညာရှင်များ၊ ဒေသတွင်း တက္ကသိုလ်များမှ    ပညာရှင်များနှင့်အတူ ပူးပေါင်းလေ့လာခဲ့ရာ မြန်မာ့မြစ်ချောင်းများမှ သိပ္ပံအတွက် မျိုးစိတ်အသစ်များနှင့် ရှားပါး မျိုးစိတ်များကို နေရာဒေသအလိုက် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရေချိုငါးလုပ်ငန်းကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်    မြစ်ချောင်းများ အတွင်း နေထိုင်ကျက်စားသည့် ငါးသယံဇာတ တို့၏စာရင်းကို    မှတ်တမ်းတင်ရန်လိုအပ် ကြောင်း၊ သို့မှသာလျှင် မည်သည့်မြစ်၊ ချောင်း များတွင် မည်သည့်ငါးအမျိုးအစားများ ရှင်သန် ကျက်စားနေကြောင်းသိရှိကာ   အဆိုပါ ငါး အမျိုးအစားများ မပျောက်ကွယ်သွားစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင်   ငါးများအတွက်    အရေးပါသော ငါးကျက်စားရာနေရာများကိုလည်း မှတ်တမ်း တင်နိုင်ခဲ့ပြီး ဒေသခံများနှင့်ပူးပေါင်းထိန်းသိမ်း သော   ရေချိုငါးထိန်းသိမ်းရေး  ရေပြင်များ တည်ထောင်နိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနများနှင့်ပူးပေါင်းပြီး ဒေသခံများနှင့် ညှိနှိုင်း လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.