မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မက္ကဆီကိုစီးတီးရှိ အစ်ဇ်တာပလာပါနယ်မြေတွင် ဖေဖော်ဝါရီလ ၁၇ ရက်က လမ်းနံဘေးပါတီပွဲတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမှ ထွက်ခွာလာသော ခရီးသည်အယောက် ၂၄၀ ပါဝင်သည့် ဂျာမနီ၏ မြန်နှုန်းမြင့် မီးရထားသည် ဆွစ်ဇာလန်နိုင်ငံ Basel မြို့တွင် ဇန်နဝါရီလ ၁၇ရက်နေ့နှောင်းပိုင်း က ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ ဂျာမန်ရထားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Namatanaiမြို့ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
ဘဂ္ဂဒက် ၊ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) အီရတ် ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ၄ဦး သည် အီရတ်နိုင်ငံ၏ အရှေ့ဘက် Diyala ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးခဲ့ကြောင်း ၎င်းဒေသ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာ တွင် အနက် (၄၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။