ဟဲဖေး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ဆင်းရဲနွမ်းပါးမှုမြင့်မားသည့် နယ်မြေအဆင့်ဒေသ ၉ ခုသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနယ်မြေများ စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ပြည်နယ်အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ အတွက် ထီစာအုပ် ၃ ဒသမ ၁ သန်းကျော်(၃,၁၀၉,၀၈၄)အုပ် ထုတ်ဝေခဲ့ရာ ထီစာအုပ် ထက်ဝက်ကျော် အရေအတွက်အားဖြင့် အုပ်ရေ ၁ ဒသမ ၈ သန်းကျော်...
ပေကျင်း၊ ဧပြီ ၂၉ ရက် COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမှနေ၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန့် ရောဂါပိုးမွှားဗေဒသိပ္ပံ (WIV) ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ဇီဝလုံခြုံရေးဓာတ်ခွဲခန်းမှ ဖြစ်ပေါ်လာသည်ဟူသော ပြောဆိုမှုများသည် အခြေအမြစ်မရှိသလို သက်သေများအားလုံးကလည်း မမှန်မကန်ပြောဆိုခြင်းသာဖြစ်ကြောင်း ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး ယွမ်ကျစ်မင်းက ရိုက်တာသတင်းဌာန၏ မေးမြန်းမှုအပေါ် စာဖြင့် အကြောင်းပြန်ရေးသားဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦး ဖြစ်သူ အသက် ၆၃ နှစ် ရှိသူ အမျိုးသား တစ်ဦး ယနေ့ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း...