ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံမြောက်ပိုင်း၌ ယနေ့ မေ၂၆ ရက်၊ ပေကျင်းစံတော်ချိန် ညနေ ၃း၄၁နာရီ တွင် အင်အား၇.၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တရုတ်ငလျင်ကွန်ရကစင်တာ(CENC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာ-ကလေးဝ၊ မြစ်တွင်းရေလမ်း၌ ယနေ့ နံနက် ၈း၃၀နာရီ တွင် ကုန်တင် ဖလက်တွဲနှင့် အငှားဖောင်တွဲ ရေယာဉ်တို့တိုက်မှုဖြစ်ပွားခဲ့ရာ ရေယာဉ်ပေါ်ပါသူ (၁၁)ဦးအနက် (၅)ဦးသေဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ မေ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif သည် မေ ၂၅ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ပြီး ၂ ရက်ကြာအီရတ် ခရီးစဉ်ကို စတင်ခဲ့ကြောင်းသိရသည်။ Mohammad Javad Zarif က အီရတ် ခေါင်းဆောင်များနှင့်...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၁၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၁၀.၈၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ပြား အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။