မော်စကို၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Caucasus တောင်တန်းများပေါ်တွင် ရေခဲပြိုကျမှုတစ်ခုဖြစ်ပွားရာ ရုရှားအမျိုးသားအစောင့်တပ်ဖွဲ့ (Rosgvardia) မှ တပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း Rosgvardia မှ ထုတ်ပြန်ချက်တစ်ခုကို ကိုးကား၍ Sputnik သတင်းဌာန က သြဂုတ် ၈ရက်တွင်ဖော်ပြခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ ရှိ နိုင်ငံပိုင် ရေနံသန့်စင်စက်ရုံတွင် သြဂုတ် ၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကဘူးလ်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) သြဂုတ် ၈ ရက်က အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မောင်းနှင်နေစဉ် လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခံရသောကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရီယာ့ဒ် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ကနေဒါ နိုင်ငံ အကြား ဖြစ်ပွား နေသည့် နိုင်ငံခြားရေး ပြဿနာ က ညှိနှိုင်းဖြေရှင်း၍ မရဘဲ...
ဂျကာတာ ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၃၄၇ ဦးထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆိုသည်။