ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက မေ ၁၀ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေလ ၁၀ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးက မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို...
နေပြည်တော်၊ မေလ ၁၀ ရက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မျိုးဆက်ခြားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ လုံလောက်စွာရရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် UNFPA မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. Janet Elizabeth Jackson နှင့် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေလ ၉ ရက်( ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကျောက်ခဲ့ကျစ် က တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏အရေးကြီးသည့်သဘောတူလမ်းညွှန်ချက်များကို...