ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ယနေ့ နိုင်ငံတော် သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများအတွက်အိမ်ရာများကို လစဉ်အရစ်ကျ ငွေချေစနစ်နှင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့်လည်း လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် လာမည့် (၃) နှစ်အတွင်း တိုးချဲ့ပြီး...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည့်စည်းကမ်းချက်များကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော အမိန့်စာအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၇/၅)နှင့် (၂၁၇/၆)အကြားတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ၄ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် သြင်္ကန်နှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုမှာ ယာဉ်နာကျင် (၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄)ဦး၊ ဒဏ်ရာ ရရှိသူ (၉)ဦးရှိကြောင်း၊...