Connect with us

Videos

တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုကန်ကြီး၏ ရေမျက်နှာပြင် စံချိန်တင်မြင့်တက် 

ကျန်းရှီး၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ကျန်းရှီးပြည်ရှိ Poyang ကန်ကြီးသည် တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုကန်ကြီးဖြစ်သည်။ ထိုကန်ကြီးသည် ရေမျက်နှာပြင် မြင့်တက်လျှက်ရှိရာ မကြာသေးမီက ရှိခဲ့သည့် စံချိန်များအားလုံးကိုကျော်ဖြတ်ခဲ့ကြောင်း နှင့် ယခုအခါ ယင်းရေကန်၏ ရေမျက်နှာပြင်သည် အမြင့်ဆုံး စံချိန်တင်အဆင့်သို့ရောက်ရှိနေကြောင်း သိရသည်။ ဇူလိုင် ၁၁ ရက် ည သန်းခေါင်အချိန်တွင် Poyang ကန်ရှိ Xingzi ရေမျက်နှာပြင်စခန်း၏ တိုင်းတာချက်အရ ကန်ရေမျက်နှာပြင်အမြင့်မှာ ၂၂.၅၂ မီတာအထက်သို့ကျော်လွန်ခဲ့ရာ ၎င်းမှာ ၁၉၉၈ ခုနှစ် ရေဘေးကြီးတွင် ရောက်ရှိခဲ့သည့် အမြင့်ဆုံး စံချိန်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.