ရန်ကုန် ၊ မတ် ၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကျိုင်းတောင်း မြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်း ပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်းအား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန်...
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံ၏ ဈေးကွက် ပိုမိုပွင့်လင်းစေရန် ရည်ရွယ်ကာ သွင်းကုန်ကဏ္ဍအား တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်အား ယခင်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ၈.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ မတ်လ ၅ ရက်တွင် တင်သွင်းလိုက်သည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံသည် ကျတ်တီးမြေများမှ ပြောင်းရွှေ့လာသည့် ပြည်သူ ၂.၈သန်းအပါအဝင် ကျေးလက်နေပြည်သူ ၁၀သန်းကျော်အား ဆင်းရဲနွမ်းပါးသည့် ပြည်သူများအဖြစ်မှ လွတ်မြောက်အောင် ထပ်မံလျှော့ချသွားမည်ဟု မတ် ၅ရက်တွင်ပြောခဲ့သည်။
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ အထွေထွေစက်မှုကဏ္ဍ အား ပြီးပြည့်စုံစွာ ဖွင့်လှစ်ပေးပြီး အခြားသော ကဏ္ဍများတွင်လည်း ပါဝင်ခွင့်အား တိုးမြှင့်ပေးခြင်းဖြင့် ၂၀၁၈ခုနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ လမ်းဖွင့်ပေးထားကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။