Connect with us

Sport

YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခ ကတ်ဖြင့် ပေးချေရမည့်စနစ်ကို ယာဉ်လိုင်း ၁၆ လိုင်းတွင် စတင်ဆောင်ရွက်မည် 

နှာခေါင်းစည်းတပ်၍ YBS စီးနင်းနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) 

အများပြည်သူသယ်ယူပို့ဆောင်ရေး YBS ယာဉ်လိုင်းများ ၏ ယာဉ်စီးခများကို ကတ်စနစ်ဖြင့် ပေးချေရမည့် Yangon Payment Service (YPS) စနစ်ကို ဇူလိုင် ၂၁ ရက် တွင် YBS ယာဉ်လိုင်း ၁၆ လိုင်းတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ယနေ့ ဇူလိုင် ၈  ရက် တွင်ပြောသည်။

ဒေါက်တာမောင်အောင်က “ကျွန်တော်တို့ YPS ကတ်စနစ်ကို တင်ဒါ ခေါ်ခဲ့တာ ၂ နှစ်နီးပါးရှိပြီ။ ရွေးပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီ နဲ့ Payment ကတ် စဖို့ လုပ်တာ။ အခုက ဇူလိုင် ၂၁ ရက် မှာ စတင်အသုံးပြုမှာပါ။ ပထမအဆင့်မှာ အဓိက ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ YBPC နဲ့ ဗန္ဓုလ ကုမ္ပဏီကြီးက ယာဉ်လိုင်းပေါင်း ၁၆လိုင်း နဲ့ စမယ်။ နောက်ပိုင်းထပ်ထပ်ပြီးယာဉ်လိုင်းတွေ မှာ ကတ်စနစ်တွေ တိုးချဲ့ ပြီး ယာဉ်လိုင်းအားလုံး ကို ကတ်စနစ်နဲ့ အသုံးပြုမှာပါ’’ ဟုဆိုသည်။

အဆိုပါ ကတ်စနစ်ဖြင့် ငွေပေးချေရမည့် စက်များကို YBS မော်တော်ယာဉ်ပေါင်း ၁၉၀၀ဝန်းကျင်ခန့်တွင် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။  YPS ကတ်များ ငွေဖြည့်ရန် G&G စတိုးဆိုင်များတွင် ဆောင်ရွက်နိုင်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။“ကတ်စနစ်ကို သွားဖို့ ဟိုးအရင်ကတည်းက မျှော်လင့်ပြီးသား။ ငွေအကြွေရှားတဲ့ ပြသနာရှိတယ်။ ငွေစက္ကူအဟောင်းတွေ ကိုင်ရတဲ့ ပြသနာရှိတယ်။  တချို့ အစုတ်အပြဲတွေ ထည့်ခဲ့တဲ့ ပြသနာ တို့ ငွေ အကြွေရေတွက်ရတဲ့ ပြသနာ တွေရှိတယ်။ ကတ်စနစ်ကြတော့ ဒီပြသနာတွေ မရှိတော့ဘူးပေါ့။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ ဇူလိုင် ၇  ရက်တွင် YBS ပြေးဆွဲလမ်းကြောင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၇၈၄) စီးဖြင့် ခရီးသည် (၈၇၄,၇၉၈) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117