Connect with us

Politics, Law & Military

(၁၉)ကြိမ်မြောက် JMC အစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၂၀ ချမှတ်နိုင်ခဲ့ဟု ဆို 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) (၁၉) ကြိမ်မြောက် အစည်းအဝေး အပြီး သတင်းစာ ရှင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) 

နေပြည်တော်၊ Horizon Lake View တွင် ဇူလိုင် ၇ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သော ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) (၁၉)ကြိမ် မြောက် အစည်းအဝေးက ဆုံးဖြတ်ချက် အချက် ၂၀ ချမှတ်နိုင်ခဲ့သည်ဟု အဆိုပါ အစည်းအဝေး အပြီး ယနေ့ ညနေပိုင်း ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ဖြေကြားခဲ့သည်။

JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးနှင့် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့က ဖြေကြားခဲ့ကြခြင်း ဖြစ်ပြီး နှစ်ရက်တာ အစည်းအဝေး၌ အစည်းအဝေးဆုံးဖြတ်ချက် အချက် ၂၀ ရရှိခဲ့ကြောင်း၊ JMC-U (၂၀)ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်ထဲတွင် ထပ်မံ ကျင်းပသွားရေး သဘောတူညီချက်လည်း ပါဝင်ကြောင်း၊ အစည်းအဝေးများ မကျင်းပနိုင်သည့် ကာလ အတွင်း အရပ်သား ကော်မတီဝင် အဆင့်ဆင့်က တင်ပြသည့် ဆုံးဖြတ်ချက်များကို JMC  မူဝါဒ ချမှတ်ပေးနိုင်ရေး၊ JMC အတွက် သုံးစွဲသွားမည့် ရန်ပုံငွေ ရေးဆွဲသွားရေး စသည့် သဘောတူညီချက် များ လည်း ပါဝင်ကြောင်း၊ JMC အစည်းအဝေးများအား ဆက်လက် ပြုလုပ်သွားရေးလည်း သီးသန့် သဘောတူ ဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ ကျန်အချက်များမှာ ရုံး လုပ်ငန်းဆိုင်ရာနှင့် ဘတ်ဂျက်ဆိုင်ရာ ကိစ္စများ ဖြစ် ကြောင်း၊ JMC အစည်းအဝေးတွင် တပ်များ နေရာချထားမှု၊ တပ်များ ထိတွေ့မှု ကိစ္စများအပေါ် လောလောဆယ်၌ မဆွေးနွေးသေးဘဲ ထိုကိစ္စမျိုး နောင် မဖြစ်စေရန် မည်သို့ ရှောင်ရှားရမည်နည်း ဆိုသည်များကို အရပ်သား ကိုယ်စားလှယ်များ ပါဝင်သည့် ground level တွင် Bilateral ဖြင့် ဆွေးနွေး ကြပြီး ရလဒ်များအား မူလ လုပ်ငန်းစဉ်အတိုင်း လာမည့် JICM ဆွေးနွေးပွဲများ ၌ အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းတို့က ဖြေကြားခဲ့ကြသည်။

နှစ်ရက်တာ အစည်းအဝေး၏ အဓိက ရလဒ်မှာ JMC အစည်းအဝေးများကို ယခင်အတိုင်း ပုံမှန် နှစ်လ တစ်ကြိမ် ကျင်းပသွားရေး ဆုံးဖြတ်မှုပင် ဖြစ်ကြောင်း၊ ထိုအချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အရေးကြီးသော အချက်ပင် ဖြစ်ကြောင်းလည်း အတွင်းရေးမှူးများက ရှင်းလင်း ဖြေကြားခဲ့သည်။ 

အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်နှင့် ဆယ်လကြာ ရပ်ဆိုင်းထားခဲ့ပြီး ယခု ပြန်လည် ကျင်းပသည့် JMC-U အစည်းအဝေးများကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.