ချန်တူး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ လေးဦးနှင့် အီတလီ ဘာသာစကားကျွမ်းကျင်သူ ဘာသာပြန်တစ်ဦးတို့သည် အီတလီနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်မှုအတွက် ကူညီရန် မတ် ၁၁ ရက်တွင် ရှန်ဟိုင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဘဲဂရိတ် ၊ မတ်လ ၁၂ ရက် (ဆင်ဟွာ) ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic က ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ အတွေ့အကြုံ မျှဝေရာတွင် တရုတ် နိုင်ငံ သည် အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ဖြစ်ကြောင်း မတ်လ...
ဘရပ်ဆဲလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပေးပို့သော ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ တစ်သုတ်သည် အီတလီ နှင့် စပိန် နိုင်ငံများသို့ ပို့ဆောင်သွားရန် ဥရောပသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်၏ ပြောကြားချက် အရ သိရသည်။
ဘရက်ဆဲလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၀,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့ရာ ဥရောပတိုက်၌ ရောဂါကူးစက်မှုဒဏ်အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံအား လက်ကမ်းကူညီမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အပြင်းအထန်ခံစားနေရချိန်တွင် အီတလီနိုင်ငံက စာနာထောက်ထားမှု ၊ ကူညီဖေးမမှုကို လုပ်ဆောင်ခဲ့ခြင်းအပေါ်...
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လက်ရှိချိန်ထိ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွားသည့်လူနာကို သတ်သတ်မှတ်မှတ် မတွေ့ရှိသေးသော်လည်း ရောဂါမကူးစက်အောင် များစွာ သတိထားရန်လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မတ် ၁၁ ရက်က ဒေသခံများနှင့် တွေ့ဆုံစဉ်...