ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာသေးမီက အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဆေးရုံသစ်ကြီးဆီသို့ ကိုရိုနာအဆုတ်ရောင်ရောဂါ ခံစားနေရသည့် လူနာပေါင်း ၂၀၀ ကျော်ကို လွှဲပြောင်းကုသပေးခဲ့ကြောင်းသိရသည်။ ၎င်းဆေးရုံသစ်ကြီးသည် ကိုရိုနာအဆုတ်ရောင်ရောဂါသည်များကို ကုသပေးရန် ၁၀ ရက်အတွင်း အပြီး တည်ဆောက်ခဲ့သည့် ဆေးရုံကြီးတစ်ရုံဖြစ်သည်။ (Xinhua)
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာ အဆုတ်ရောင်ရောဂါဖြစ်ပွားသူများကို ကုသပေးသည့် SARS ရောဂါ ကုသမှုပုံစံအတိုင်း ဆောက်လုပ်ပြီးစီးသည့် လေးဆန်ဆန်းဆေးရုံ သို့ ဆင်ဟွာသတင်းထောက် Xu Yang က သွားရောက်ရိုက်ကူးခဲ့ပါသည်။ ၎င်းဆေးရုံသည် SARS ရောဂါ ကုသမှုပုံစံအတိုင်းတည်ဆောက်ထားသော ဒုတိယမြောက်ဆေးရုံကြီးလည်းဖြစ်သည်။...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝူဟန့်မြို့ရှိ Chin Optics Valley ကွန်ဗန်းရှင်းနှင့်ပြပွဲစင်တာ အား အချိန် ၂၄ နာရီအတွင်း ယာယီဆေးရုံတစ်ရုံအဖြစ်ပြောင်းလဲ နိုင်ခဲ့သည်။ စင်တာမှာအကျယ်အဝန်း စတုရန်းမီတာ ၁၀၀၀၀ ရှိပြီး ကုတင် ၁၀၀၀ ဝင်ဆန့်သည်။ ၎င်းမှာ ဝူဟန့်မြို့ရှိ ယာယီဆေးရုံများအနက်...
ပေကျင်း၊ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအတွင်း ကိုရိုနာကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် တိုက်ရိုက်လမ်းညွှန်ချက်ပေးနေသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ တရုတ်နိုင်ငံခေါင်းဆောင်များ၏ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာကူးစက်ရောဂါပျံ့ပွားမှုများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသောလမ်းညွှန်မှု ပုံရိပ်များကို ရိုက်ကူးတင်ဆက်ထားသည်။ (Xinhua)
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) ဝူဟန့်မြို့မှ အသက် (၆) လသားအရွယ် လဲ့လဲ့ ဆိုသည့် ကလေးငယ်သည် နိုဗယ်ကိုရိုနာကူးစက်ခံရသော ကလေးငယ်တစ်ဦးဖြစ်သည်။ ၎င်း၏ ဖခင်ဖြစ်သူမှာ နိုင်ငံရပ်ခြားတွင်ရောက်ရှိနေပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် မိခင်ဖြစ်သူမှာလည်း ကိုရိုနာကူးစက်ခံရမှုကြောင့် သီးသန့် ဆောင်တွင်ကုသမှုခံယူနေရသည်။ ၎င်းကလေးငယ်ကို ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက မိခင်အရင်း၏ ပြုစုစောင့်ရှောက်မှုသဖွယ်...